This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, May 31, 2014

``ရွှေစက်တော်ဘုရား အောက်စက်တော်ရာ နယ်မြေအနီးမှာ ကျောက်မီးသွေးတွင်းများတူးဖော်နေဟု ဆို´´

မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာ နယ်မြေအနီးမှာ ကျောက်မီးသွေးတွင်းများတူးဖော်နေကြောင်း သတင်းရရှိ၍ မေ(၃၁)ရက်နေ့တွင်   သတင်းရယူခဲ့သည်။

          အဆိုပါကျောက်မီးသွေးတွင်းများကို မင်းဘူး(စကု)မြို့နယ်၊ ရွှေစက်တော် ဘုရားကျေးရွာနယ်မြေနှင့် ငဖဲမြို့နယ် အိုးမြေတွင်း ဒေသ နှစ်ခုမှာ ကုမ္ပဏီငါးခုအား သက်ဆိုင်ရာမှ ခွင့်ပြုထားကြောင်း သိရသည်။ ဟန်ထက်ကုမ္ပဏီမှ လုပ်ကိုင်ခွင့် ဧက ငါးရာ၊ ဇဗ္မူသစ်ကုမ္ပဏီမှ ဧက ငါးဆယ်၊ ပိုသာကုမ္ပဏီမှ ဧက သုံးရာ၊ မြင့်မြတ်ချမ်းအေးမှ ဧက တစ်ရာငါးဆယ် နှင့် ဖြူစင်ကုမ္ပဏီမှ ဧက ငါးဆယ်၊ အသီးသီးကို ၂၀၁၃၊ ဇွန်(၁၁)ရက် နေ့က စတင်၍ လုပ်ကိုင်ခွင့်ပေးထား ကြောင်း မင်းဘူးမြို့နယ်မြေစာရင်းဌာန စာရင်းအရ သိရသည်။

          ၎င်းကျောက်မီးသွေးကုမ္ပဏီများကို တစ်နှစ်လျှင်တန်ချိန် နှစ်ထောင်ထုတ်ယူနိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သတ္ထူတူးဖော်ရေး ၀န်ကြီးဌာနမှ ရာထားခွင့်ပြုပေးထားကြောင်း၊ အခြားကုမ္ပဏီများနှင့် ဇဗ္မူသစ် ကုမ္ပဏီသည် ကျောက်မီးသွေးကျင်း နှစ်ဆယ်ကို လုပ်သား နှစ်ဆယ့်ငါးဦးဖြင့် လက်ရှိတူးဖော်နေကြောင်း၊ လုပ်သားများကို ဒေခံများအားခိုင်စေ၍ ကျောက်မီးသွေး ဆယ်ပိဿာဝင်တစ်ပုံးလျှင် ငွေကျပ်နှစ်ရာခုနှစ်ဆယ် ပေးချေကြောင်း၊ လုပ်သားတစ်ဦးလျှင် တစ်ရက်လျှင် ပုံး သုံးဆယ်ခန့်တူးယူရရှိကြောင်း၊ ဆယ်တန်ပါ ဖောကား တစ်စီးလျှင် ဆယ်ပိဿာဝင်ပုံး သုံးရာတစ်ဆယ်ခန့်တင်နိုင်၍  လုပ်သား ခုနှစ်ဦးဖြင့် တင်ခ နှစ်သောင်းငါးထောင် ရကြောင်း၊ ကျောက်မီး သွေးတွင်းနေရာမှ ငဖဲမြို့သို့ ကားခ နှစ်ငါးထောင် နှုန်းဖြင့် တစ်ရက်လျှင် ကား နှစ်ခေါက်စီ သယ်ယူကြောင်း၊ ငဖဲမြို့မှတဆင့် ကားကြီးများဖြင့် ကျောက်မီးသွားများဖြန့်ချိကြောင်း ဒေသခံအလုပ်သမား တစ်ဦးက ပြောသည်။

``ဒီကျောက်မီးသွေးတွင်းတွေတူးဖို့ ကုမ္ပဏီတွေချထားတာကို သက်ဆိုင်ရာက ကျွန်တော်တို့ကို ဘာမှ ကြိုတင်ပြီး အသိမပေးပါဘူး။ ဟန်ထက်ကုမ္ပဏီ တစ်ခုတည်းကသာ ဘုရားရွာအတွက် ငွေသုံးသိန်းနဲ့ ဓမ္မာရုံအတွက် ငွေတစ်သိန်းလှူပါတယ်၊ ကျန်အခြားကုမ္ပဏီတွေက နယ်မြေဒေသခံရွာတွေအတွက် ဘာကိုမျှ အကျိုးပြုဆောင် ရွက်ပေးခြင်း မရှိသေးပါဘူးဗျာ..။´´ ဟု ဘုရားကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းနိုင် ကပြောသည်။

          ၎င်းကျောက်မီးသွေးတူးဖော်နေသော နေရာများသည် သဘာဝပတ်ဝန်းကျင်သာယာလှပရေး ဘေးမဲ့တော အဖြစ်သတ်မှတ်ထားသော နေရာဖြစ်ကြောင်း၊ ကျောက်မီးသွေးတွင်းများကို တူးဖော်ပြီး ပြန်လည်ပိတ်ထားခြင်း မရှိ၍ ဘုရားကျေးရွာမှ နွားများကျောက်မီးသွေးတွင်းဟောင်းများထဲသို့ ခဏ ခဏကျပြီး သေရကြောင်း၊ နွားစားကျက်များနှင့် ဘေးမဲ့တောပျက်၍ သဘာဝပတ်ဝန်းကျင်များဆုံးရှုံးကြောင်း၊ ပို၍ ဆိုးရွားသောကိစ္စမှာ ရွှေစက်တော် အောက်ခြေတော်ရာနှင့် ကျောက်မီးသွေးတွင်းများ၏ နယ်နိမိတ်သည် ဂိုက်ခြောက်ထောင် အကွာအဝေးဖြင့် အနည်းဆုံးရှိ၍ လုပ်ကိုင်ရမည်ဆိုသော်လည်း လိုက်နာခြင်းမရှိကြကြောင်း၊ အောက်စက်တော်ရာ ဘုရားတန်ဆောင်းများ ပျက်စီးလာနိုင်ကြောင်း၊ကုမ္ပဏီ တစ်ခုမှ ရွှေစက်တော်ဘုရားပိုင် (၈)မိုင်လမ်းကို အသုံးပြု၍ ကျောက်မီးသွေးကားများ မောင်းနှင်နေ၍ လမ်းများပျက်စီးကြောင်း ပဒေါင်းကျေးရွာ ဒေသခံများ က ပြောသည်။

          ကျောက်မီးသွေးကုမ္ပဏီများထံသို့ မေ(၂၅/၃၁)ရက်နေ့တွင် သွားရောက်မေးမြန်းခဲ့ရာ တာဝန်ခံ၍ ဖြေဆို မည့်သူများမှာ မင်းဘူးမြို့သို့ အစည်းအဝေး သွားရောက်နေကြောင်း သိရှိရသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

ယဉ်ကျေးလိမ္မာသင်တန်းဆင်း

ပေါက်       မေ    ၃၀
    
 မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လယ်လန်းကျေးရွာ မင်္ဂလာရာမဓမ္မကျောင်း တိုက်၌ ပထမအကြိမ် ယဉ်ကျေးလိမ္မာသင် တန်းဆင်းပွဲကို မေ  ၃၀ နံနက် (၉)နာရီတွင် အောင်မြင်စွာ သင်တန်းဆင်းပွဲပြုလုပ်ကျင်းပ သည်။

      အဆိုပါအခမ်းအနားတွင် မူလတန်းမှ အလယ်တန်းအထိသင်တန်းသား(၁၂၅)ဦး
အား ပထမ ဒုတိယ တတိယဆုရရှိသူ များ အား ဆုများအသီးသီးပေးအပ်ကြပြီး   သင်တန်းသားအားလုံးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ကြ ကြောင်းသတင်းရှိသည်။        

ပေးပို့သူ-
               ဥာဏ်တိုး (iprd)
               ဦးဥာဏ်တိုး
                ၈/ ပမန(နိုင်) ၀၀၈၀၀၅
                အောင်တော်မူရပ်ကွက် ပေါက်မြို့

``ရွှေစက်တော်ဘုရား အရပ်သား ဂေါပက ဥက္ကဋ္ဌ အသစ်မှ လာမည့်ဘုရားပွဲတော်တွင် ဈေးသည်များ နှင့် ဘုရားဖူးများ စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးမည်ဆို၏´´

မေ(၃၁)ရက်နေ့တွင် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ရွှေစက်တော်ဘုရား၌  မင်းဘူး(စကု)မြို့နယ် သံဃာ့ ပဓာန-နာယကဆရာတော် ဦးသာသန နှင့်သြ၀ါဒဆရာတော်များ(၁၃)ပါး၊  မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ သာသနာရေးဦးစီးမှူး၊ ဆောက်လုပ်ရေးဌာန၊ ဆည်မြောင်း ဦးစီးဌာနတို့၏ အကြီးအကဲများအား ဖိတ်ကြား၍ အထက်စက်တော်ရာနှင့် အောက်စက်တော်ရာမှ ပြုပြင်စရာလုပ်ငန်းများကို ပြင်ဆင်နိုင်ရန်၊ ဘုရားပွဲတော်ကာလ၌ မော်တော်ယာဉ်များရပ်နားသော ကားကွင်းကို တိုးချဲ့ပေးရန်အတွက် ဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့် နှင့်အဖွဲ့ဝင်များ မှ ဆရာတော်များထံ သြ၀ါဒခံယူ၍ ဌာနဆိုင်ရာ များဖြင့် ညှိုနှိုင်း ဆွေးနွေး ကြောင်း သတင်း ရရှိသည်။

          အောက်စက်တော်ရာ ဘုံဆောင်ပြုပြင်ရန်၊ (၈)မိုင်လမ်းချဲ့ထွင်ရန်၊ (၃)မိုင်လမ်း နှစ်လမ်းသွားအဖြစ် ချဲ့ရန်၊ ငဖဲ- ရွှေစက်တာ် (၆)မိုင်လမ်းပြုပြင်ရန် နှင့် အထက်စက်တော်ရာ၏ အရှေ့ဘက်ကျောက်သားအက်နေခြင်းအား ပြင်ဆင်ရန်၊ ရှေးဟောင်း ခေါင်းလောင်းတော်ကြီးအား အများပြည်သူများ ထိုးလှူပူဇော်နိုင်ရန်များ စီစဉ် ဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမြင့် နှင့် ခေတ္တတွေ့ဆုံစဉ် မေးမြန်း ချက်များ မှ ကောက်နုတ်ဖော်ပြပါသည်။

`` ၂၀၁၄၊ (၃) လပိုင်းက အရပ်သားဂေါပက အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အများပြည်သူများသိစေချင်တာ ကတော့ ပြီးခဲ့တဲ့ဘုရားပွဲတော်နှစ်ကလို ဘုရားဖူးမိဘပြည်သူများ ကြပ်ကြပ်တည်းတည်း တည်းခို သွားလာခြင်း မဖြစ်အောင် သြ၀ါဒဆရာတော်(၁၃)ပါးထံ ပြုပြင်စရာများကို ယနေ့လျှောက်ထားတင်ပြနေပါတယ်..။´´ ဟု ဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောသည်။

          ယခင် ဂေါပကအဖွဲ့၌ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး မှ ဘုရားဂေါပက ဥက္ကဋ္ဌ နေရာယူထားကြောင်း၊ ဥက္ကဋ္ဌ အပါအ၀င် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ အရာရှိငါးဦးမှ ဘုရားဂေါပကအဖွဲ့၏ ထိပ်တန်း အမှုဆောင်နေရာများ ကိုယူ၍ အရပ်သားဂေါပကများဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၂ ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်တို့မှ သာသနာရေး ၀န်ကြီးထံတိုင်ကြားခံရကြောင်း သတင်းမီဒီယာများတွင် ဖော်ပြ၍ သိရသည်။ 

လက်ရှိ ဂေါပကအဖွဲ့သည် ယခင်က မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ပါဝင်ခဲ့သော ဂေါပကအဖွဲ့ထဲမှ ကျန်ခဲ့သော အရပ်သားဂေါပကဖြင့်သာ အဖွဲ့ဝင်(၁၃)ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။  လက်ရှိဂေါပက အဖွဲ့တွင် သုံးဦး နေရာလစ်လပ်နေပါကြောင်း၊ ရွေးချယ်ရန် ဆရာတော်များထံ လျှောက်ထား ပြီးဖြစ်ကြောင်း၊ ကျွန်တော်တို့လက်ရှိဂေါပကမှာ အသက် ခြောက်ဆယ်ကျော်အရွယ် ဌာနဆိုင်ရာမှ အရည်အချင်းရှိသော အငြိမ်းစားဝန်ထမ်းများပါဝင်ကြောင်း၊ လေးနှစ် သက်တမ်းကာလ သတ်မှတ်ကြောင်း၊ ယခင်က လေးနှစ်သက် တမ်းဟု  မကြားဘူးခဲ့ကြောင်း၊ ယခုမှ (၈၃)ဂေါပက ဥပဒေအရ ခန့်ထားခြင်း ဖြစ်ကြောင်း၊ ယခင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သော မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူး မှာ ရွှေစက်တော် ဂေါပက၏ လုပ်ငန်းငွေစာရင်း  အသွင်းအထုတ် ကိစ္စများတွင် လုံးဝပါဝင်ပတ်သက်ခြင်း မရှိပါကြောင်း၊ ဒေသပိုင်  မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး အနေဖြင့် လုပ်ငန်း အတွေ့အကြုံရှိသူဖြစ်၍ လက်ရှိဂေါပက၏ လုပ်ငန်းနှင့်ပတ်သက် ၍ ထိမ်းကြောင်းပေးခြင်းသာရှိပါကြောင်း၊ နောက် အရပ်သား ဂေါပက အသစ်ရွေးချယ်ရန်မှာ ၂၀၁၅ ခုနှစ် နောက်မှသာ အသစ်ပြန်လည် ရွေးချယ်ရ မည်ဖြစ်ကြောင်း ရွှေစက်တော်ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမျိုးမြင့် ပြောသည်။

          ယနေ့ မေ(၃၁)ရက်၌ ဆရာတော်ဘုရားများထံ သြ၀ါဒခံယူ၍ ပြုပြင်ဆောင်ရွက်ရန် လုပ်ငန်းများအလိုက် တစ်လလျှင် တစ်ကြိမ် ဂေါပကအဖွဲ့၏ ရငွေ၊ ၀င်ငွေများ၊ ထုတ်ငွေ၊ သုံးငွေများကို အသေးစိတ်ငွေစာရင်း ရှင်းတမ်းဖြင့် ဆရာတော်များထံ ကပ်လှူ တင်ပြရန်၊ လိုအပ်လျှင် သြ၀ါဒဆရာတော်များကို တစ်လ တစ်ကြိမ် အစည်းအဝေးလုပ်ရန် ပင့်ဖိတ်ပေးရန်မိန့်ကြားခဲ့ကြောင်း၊ ယခင်အခါက ဂေါပကအဖွဲ့မှ ငွေအထုတ်သာ ပြ၍ အသုံးစာရင်းများကို သြ၀ါဒဆရာတော်များထံသို့ လုံးဝရှင်းလင်းခဲ့ခြင်းမရှိကြောင်း ရွှေစက်တော်ဘုရား ဂေါပက အဖွဲ့၏ သြ၀ါဒ ဆရာတော်တစ်ပါး က ပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

မြို့သစ်မြို့နယ်တွင် ပညာသင်ထောက်ပံ့ကြေးငွေများပေးအပ်

မြို့သစ်        မေ       ၃၁
          မကွေးတိုင်းဒေသကြီး၊မြို့သစ်မြို့နယ် တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့မှုဖြင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၀န်ထမ်းသားသမီး(၁၈)ဦးအား ပညာသင်ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို မေလ(၃၁)ရက်နေ့ နံနက်(၉)နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အမှုဆောင်အရာရှိ ဦးမင်းနိုင်မှ ၀န်ထမ်းသားသမီး များအား ပညာသင်ထောက်ပံ့ကြေးငွေနှင့် ကျောင်းဝတ်စုံ ၊ကျောင်းသုံးစာအုပ်/စာရေး ကရိယာများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
          အဆိုပါအခမ်းအနားတွင် အထက်တန်းကျောင်းသား/သူ(၃)ဦးနှင့် အလယ်တန်းကျောင်းသား/သူ (၁၅)ဦးတို့အား ငွေကျပ်(၆၀၀၀၀)တန်းဘိုးရှိ ပစ္စည်းများဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

သန်းဝင်းထွန်း(မြို့သစ်)
သတင်းပေးပို့သူ   -   ဦးသန်းဝင်းထွန်း(ဓါတ်ပုံ-၂၊မြို့နယ်ပြန်/ဆက်)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

မြန်မာ့မီးရထားဌာန တာဝန်ရှိသူတွေက ပြည်သူ့ဝန်ထမ်းကောင်းပီသစွာ တောင်းပန်နေကြပြီ...ကျေနပ်ပါသည်။

ကျေနပ်ပါသည်။
***********
31/5/2014မနက်စောမှာ မြန်မာ့မီးရထား
တိုင်း ၁၁ ပုဂံ က လက်ထောက်တိုင်းမန်နေဂျာ ဦးခင်မောင်ချစ်
တောင်တွင်းကြီးဘူတာမှ ရုံပိုင်ကြီး
မကွေးဘူတာမှ ရုံပိုင်ကြီး
ပညာရေးကောလိပ်(နွားကူး)ဘူတာမှရုံပိုင်ကြီးတို့ အပါအဝင် ၆ ဦး မကွေးပညာရေးကောလိပ်သို့ ရောက်လာကြပါတယ်။

တောင်တွင်းကြီးဖြစ်စဉ်ရော မကွေးဖြစ်စဉ်အတွက်ပါ တောင်းပန်ကြပါတယ်။တောင်တွင်းကြီးဘူတာမှာ ခရီးသည်ကို ထိုးကြိတ်ကန်ကြောက်သူဝန်ထမ်းအားအရေးယူထာားပါတယ်။လောလောဆယ် နယ်ဘူတာတစ်ခုသို့ ၆ လ ပြောင်းရွှေ့ထားပါတယ်။တိုင်း အမှတ် ၁၁ ပုဂံ မီရထား နယ်မြေတွင်ပါသော မကွေး နှင့် တောင်တွင်းကြီးဘူတာတို့တွငလက်မှတ်ကို သတ်မှတ်နှုန်းအတိုင်းသာ ရောင်းရန် လမ်းညွှန်ခဲ့ပါပြီ။

မြန်မာ့ မီးရထား (တောင်တွင်းကြီး နှင့် မကွေး)တို့၏ ပြောင်းလဲမှုကိုFB မှာ တင်ပေးပါဦးဆို၍တင်ပေးလိုက်ပါသည်။

တင်လင်းဇော်

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

မကွေးလျှပ်စစ်သို့ မေတ္တာပို့သောစာ

မကွေး  မေ  ၃၀
>တိုင်းဒေသကြီး၏ရုံးစိုက်ရာဖြစ်
သောမြို့တော်မကွေးတွင်မိုးရာသီမြေပျော့ပျော့
>အလွန်ဆော့သောကလေးများအတွက်ကျောင်းဖွင့်ချိန်၌
>တိုင်းဒေသကြီးအားကစားနှင့်ကာယပညာအားကစားကွင်းနှင့်အဝေးပြေးကားကြီးကွင်းအနီး
>ရန်မျိုးအောင်ရပ်ကွက် အဝေရာပေ၁၀၀လမ်းမကြီးရှိ  လျှပ်စစ်ဓာတ်အားပေးမီးတိုင်များမှာ သစ်သားတိုင်များဖြစ်ပြီး ယိုင်နဲ့နေသည်ကို ရှုမကောင်းမြင်မကောင်းသည်သာမက အန္တရာယ်ကြီးမားလှသည်။  လူစည်ကားရာ လမ်းမကြီး  ၌လွန်စွာအရုပ်ဆိုး အကျည်းတန်လျှက် ယိုယွင်း ပျက်စီးနေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြည့်ရှု စောင့်ရှောက် ပြုပြင်ပေးရန် မျော်လင့်နေကြောင်းသိရသည်။
>နှစ်ပေါင်းများစွာကြာမြင့်၍ အိုဟောင်း ဆွေးမြ့ ယိုင်နဲ့နေသော ထိုလျပ်စစ်ဓာတ်အားမီးတိုင်မှာ အဝေးပြေးကားကြီးကွင်း ဘောလုံးကွင်းအနီးအဝေရာ ပေ၁၀၀လမ်းမကြီး လမ်းဘးတစ်လျှောက်ဖြစ်၍သစ်သားတိင်များ အသုံးမပြုသင့်တော့ကြောင်း မီးဘေးအန္တရာယ် လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်နဲ့ လဲပြိုပျက်စီးထိခိုက်မှုအန္တရာယ်
>မဖြစ်ပွားရအောင် အချိန်မီ
>ပြုပြင်ဆာင်ရွက်နိုင်ဖို့ ရပ်ကွက်အုပ်ချုပ် ရေးမှူးကို သတင်းပို့ပေမယ့် ဘာမှလုပ်မပေးပါ ရံပုံငွေကောက်ဖို့ပဲ ပြောသည်ဟု အဆိုပါမီးတိုင်အနီးတွင် နေထိုင်သူ ပြည်သူတစိဦးကပြောပါသည်။
> ၎င်းလျှပ်စစ်ဓာတ်အားမီးတိုင်ကို အနီနားရှိ လျှပ်စစ်ဓာတ်အား အသုံးပြုသူ လုပ်ငန်းရှင်များ ကဝိုင်း ဝန်းထိန်းသိမ်းစောင့်လျှောက်ထား ကြောင်းသိရသည်။
>
>                      သေးသေး(မကွေး)
>naingyuwai@
>gmail.com
>ph09256312715ှ 
အထက်က ပြဿနာနဲ့အတူ မကွေးမြို့လယ်ခေါင်က ပြည်တော်သာလမ်းနဲ့ ဗိုလ်ချုပ်လမ်းဆုံကနေ ပြည်တော်သာတိုက်တန်းအထိ မီးလိုင်းတွေကလည်း လေမတိုက်လည်း နှစ်ချောင်းခပ် ၊ မိုးရွာ လေတိုက်ရင်ပိုဆိုးတယ်။ မီးပွားများပွင့် လမင်းကဓာတ်အိုးက လိုင်းခဏ ခဏ ပြတ် မီးကြိုးတွေပြတ်ကျရင် သေကုန်မှာပါ။
ဒီကိစ္စ အစိုးရသတင်းစာ ကြေးမုံ မြန်မာ့အလင်း နှစ်စောင်လုံးက အော်တာလည်း ဘာမျှ အကြောင်းမထူးခဲ့ပါ။

တိုင်းလျှပ်စစ်ရုံး၊ ခရိုင်/မြို့နယ်ရုံးတွေနဲ့လည်း နီးနီးလေးပါ။ ဘာကြောင့်များ တာဝန်မဲ့နေကြရတာလည်း လို့ သက်ဆိုင်သူတွေကို မေးပါရစေ..။ တစ်မြို့လုံးပြင်စရာတွေက များနေတော့ အရေထူနေကြတယ်ထင်ပါတယ်။ လျှပ်စစ်က တာဝန်ရှိသူတွေ မီတာခဈေးတက်ပြီး တာဝန်ကြေအောင်ဆောင်ရွက်ပေးနိုင်ကြပါစေ..၊ လို့ ပြည်သူများကိုယ်စား မေတ္တာပို့စာဖြည့်စွပ်ပြီး ရေးလိုက်ရပါတယ်။

သတင်းတာဝန်ခံ
မြေလတ်ဒေသ သတင်းစာ

Friday, May 30, 2014

``မကွေးမြို့တွင်းမှာ Online ပေါ်ရှိ အမေစုကိုချစ်သော သားသမီးများမှ ကန်ပိန်း(Campaign) ပြုလုပ်´´

မကွေးမြို့တွင်းမှာ မေ(၃၀)ရက်နေ့ နံနက်ပိုင်း NLD မကွေးမြို့နယ်ရုံး၊ မဲထီးလမ်းမှ စတင်၍ ဗိုလ်ချုပ်လမ်း၊ မကွေးမြို့မဈေးကြီး၊ လမ်းငါးသွယ် အဆင့်မြင့်သုံးထပ်ဈေး၊ အထက(၁)လမ်းတစ်လျှောက် ကန်သာဈေး၊ ရန်ကင်းဈေး၊ သုခိတာလမ်းတစ်လျှောက် ရန်ပယ်ဈေး၊  ပြည်တော်သာလမ်းတစ်လျှောက်  အဝေးပြေးကားကွင်း၊ မြို့ပါတ်လမ်းတစ်လျှောက် ဈေးဆိုင်များ နှင့် ကမ်းနားလမ်းတစ်လျှောက် ဈေးဆိုင်များ၊ သင်္ဘောဆိပ်၊ ပဲ့ထောင်ဆိပ် များ၌ Online ပေါ်ရှိ အမေစုကိုချစ်သော သားသမီးများမှ ကန်ပိန်း(Campaign) ပြုလုပ်ကြောင်း သတင်းရရှိသည်။ 

``ကျွန်မတို့ ဒီနေ့ မေ(၃၀)ရက်နေ့မှာ မြန်မာတစ်ပြည်လုံးက Online ပေါ်ရှိတဲ့ အမေစုကိုချစ်သော သားသမီးမျာကနေ မြန်မာတစ်ပြည်လုံးမှာ တစ်နေ့တည်း တစ်ချိန်တည်း ဒီနေ့ကန်ပိန်း(Campaign) ပြုလုပ်တာပါ။ ရည်ရွယ်ချက်ကတော့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရပေါ် ပေါက်ရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဆိုတဲ့ သုံးခုပါ။´´ ဟု NLDပါတီ လူငယ် အဖွဲ့မှ မဆွေမွန်မွန်ထက် က မြန်မာပို့စ်ကို ပြောသည်။ 

          အဆိုပါမြို့တွင်းနေရာအနှံ့ ကန်ပိန်း(Campaign)ပြုလုပ်ရာတွင် မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး နှင့် လူငယ်အဖွဲ့ဝင်များ၊ ၈၈ မျိုးဆက် ငြိမ်း/ပွင့်(မကွေး)အဖွဲ့ဝင်များ နှင့် Online ပေါ်ရှိ အမေစုကိုချစ်သော သားသမီးများ မှ ကားလေး သုံးစီး ၊ လူငယ်အင်အား ငါးဆယ်ခန့်ဖြင့် ပြုလုပ်ကြောင်း ဦးစိုးမိုး မကွေးမြို့နယ် NLD ဥက္ကဋ္ဌ မှ  ပြောသည်။ 

          အောင်ဆန်းသွေးကို တို့ယုံကြည်..။ အောင်ဆန်းမသေသေးဘူး..။ အောင်ဆန်းကိုကြည့်ချင်ရင် အောင်ဆန်းစုကြည်ကိုကြည့်..။ ဟု(သီတဂူဆရာတော်ဘုရားကြီး၏ မိန့်ကြားချက်) ပါသောစာသား၊ ဗိုလ်ချုပ် အောင်ဆန်း  ဒေါ်အောင်ဆန်းစုကြည် နှင့် ခွပ်ဒေါင်းပါသော အလျားနှစ်ပေ၊ အနံတစ်ပေ ပိုစတာများဖြန့်ဝေ၍ နံရံများ၌ ကပ်ပေးကြောင်း၊ ရည်ရွယ်ချက်သုံးချက်ပါလက်ကမ်းစာရွက် နှင့် ဒေါ်အောင်စုကြည်ဓာတ်ပုံ စတေကာအသေးများ ကို မကွေးမြို့ အတွက် စုစုပေါင်း ရှစ်ထောင်ကျော်ခန့် ဖြန့်ဝေကြောင်း သတင်းရရှိသည်။