``ယခုခေါင်းစဉ်က ဆရာတို့မီဒီယာသမားတွေရဲ့ခေါင်းစဉ်ဖြစ်နေလို့ ခင်ဗျားတို့ကိုယ်တိုင်ဦးဆောင်ရမယ်။ ကျွန်တော်တို့က ၀ိုင်းရံပေးမယ်။ဒီနေရာမှာ ကိုယ့်သမိုင်းကိုရေးကြတာဘဲ၊ ယခု မကွေးမြို့မှာလူထုနဲ့ မီဒီယာ ဆန္ဒဖော်ထုတ် ပွဲကြီးမှာ ဘယ်သူပါတယ်၊ ဘယ်သူက ကျန်နေတယ်ဆိုတာ ကျွန်တော်တို့စောင့်ကြည့်မယ်။ စောင့်ကြည့် ယုံသက်သက်မဟုတ်ဘူး၊ အဲဒီကျန်နေတဲ့ မီဒီယာကို ကျွန်တော်တို့က ဘာသတင်းကိုမှ သတင်းမပေး ဘူး၊ အဲဒါအပြင် အဲဒီမီဒီယာရဲ့ သတင်းစာနဲ့ ဂျာနယ်တိုက်တွေကို စုပေါင်းလက်မှတ်ထိုးပြီး တိုင်ကြားတဲ့အဆင့် အထိ ဆောင်ရွက်သွားမယ်၊ အဲဒါဆရာတို့ မကွေးမီဒီယာအဖွဲ့ကို အားလုံပါဝင်တဲ့ C J အဖွဲ့လေးအမြန်ဖွဲ့ပြီး ဘာဆက် လုပ်မယ် ဆိုတာကို အကြောင်းပြန်ပေးပါ..။´´ ဟု လှုပ်ရှားတက်ကြွသူ နှစ်ဦးက နှစ်ကြိမ်တိတိ မကွေးမီဒီယာ MJN (မြန်မာဂျာနယ်လစ်ကွန်ရက်) နှင့် မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း(MJA)ကို ခြိမ်းခြောက် ပြောဆိုတယ်ခင်ဗျ။
သတင်းသမားဆိုတာ မည်သည့်အရောင်အသွေး မည်သည့်အဖွဲ့အစည်းရဲ့ ခေါင်းစဉ်အောက်ကိုမျှ ၀င်တတ်သူများ မဟုတ်ကြပါ။ သတင်းသမားဆိုတာ လွတ်လပ်၊ မှန်ကန်၊ ဘက်မလိုက်သော တာဝန်ခံ တာဝန်ယူမှု စိတ်ဓာတ်ဖြင့် အများပြည်သူ၏ ကောင်းကျိုးအတွက်သာ တစ်စိုက်မတ်မတ်နဲ့ ထောင်မကြောက် တန်းမကြောက် ရေးသားဆောင်ရွက်နေသူများ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ မကွေးဒေသခံသတင်းသမား နှစ်ဆယ့်ငါးဦးစုပေါင်းပြီး ဧပြီ(၂၁)ရက်နေ့က မကွေးမြသလွန် စေတီတော် ရင်ပြင်ပေါ်မှာ DVB သတင်းထောက် ဇော်ဖေ(သူရသက်တင်) နှင့် ကျောင်းသားမိဘ ကိုဝင်းမြင့်လှိုင် တို့နှစ်ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ထောင်ဒဏ်တစ်နှစ်က အမြန်ဆုံးခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်စေရန် ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။ အဲဒီဆုတောင်းပွဲကို တက်ရောက်ပေးဖို့ မကွေးဒေသခံ DVB သတင်းထောက် နဲ့ လှုပ်ရှားတက်ကြွသူများအဖွဲ့ခေါင်းဆောင်(မီဒီယာအသင်း)အဖွဲ့ဝင် နှစ်ဦးတို့ကို ကြိုတင်ပြီးဖိတ်ကြားခဲ့ပါတယ်။ သူတို့ နှစ်ယောက် လုံးဝမလာကြပါ။ ဒါ ဘာသဘောလဲ ဆိုတာ စဉ်းစားစရာပါ။ ငါ ခေါင်းဆောင်မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့ သဘောလားဗျာ..။ ယခုတော့ ပတ်မကြီးထိုးဖောက်တာထက် မကွေးမီဒီယာ အဖွဲ့ကို နှစ်ခြမ်းခွဲလိုက်ပြန်ပါပြီ..။
ဧပြီ(၂၉)ရက်နေ့ နံနက်ပိုင်းမှာ သူတို့လှုပ်ရှားတက်ကြွသူများအဖွဲ့ အစည်းအဝေးပြုလုပ်ကြတယ်။
``မကွေးမြို့ပေါ်က သတင်းထောက်တွေနဲ့ MJA နဲ့ MJN သတင်းအဖွဲ့တွေက ဘာမှမလုပ်နိုင် မလုပ်ရဲဘူးဆိုရင် ကျွန်တော် တင်ရွှေ(မင်းဘူး) ယူနတီဂျာနယ်သတင်းထောက် အနေနဲ့ တစ်ကိုယ်တော်ဆန္ဒ ဖော်ထုတ်မယ်ဗျ၊´´
ဆိုသူ ဘော်လံဒီယာ မီဒီယာသူရဲကောင်းအဖွဲ့ လှုပ်ရှားတက်ကြွသူများအတွက် ပေါ်ပေါက် လာပေပြီ။ မေ(၇)ရက်နေ့မှာ ဆန္ဒပြရန်လျှောက်ထာခြင်းကို ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ပြည်တွင်း ပြည်ပ နှင့် ရန်ကုန် မန္တလေး မီဒီယာအင်အားများဖြင့် ဆောင်ရွက်ကြမည် လို့ ဆုံးဖြတ်ကြောင်း ကြားသိရပါတယ်။
ဧပြီ(၂၉)ရက်နေ့ ညနေ(၆)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးသတင်းစာအသင်းရုံးမှာ ကျွန်တော်တို့ MJA မြန်မာနိုင်ငံသတင်းစာဆရာအသင်း နဲ့ MJN မြန်မာနိုင်ငံဂျာနယ်လစ်သတင်းကွန်ရက် တို့မှ မကွေးမြို့ဒေသခံ သတင်းထောက်များက ဒီကိစ္စကို ဆွေးနွေးတိုင်ပင်ကြပါတယ်။ ၎င်းအဖွဲ့နဲ့ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ကြမည် မဟုတ်ကြောင်း၊ သတင်းသမားများ သတင်းယူတဲ့အလုပ်သာ လုပ်ကြမည်၊ သူတို့အဖွဲ့နဲ့ ပူးပေါင်းဆန္ဒပြချင်သူများ လည်း လွတ်လပ်စွာနဲ့ ဆန္ဒပြနိုင်ကြောင်း သဘောထားကြီးစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း မြေလတ်ဒေသ သတင်းစာ တာဝန်ခံရဲ့ တစ်ဦးတည်းသဘောထားအာဘော်ကို အများအမြင်ရှင်းလင်းစေဖို့ ရေးသားလိုက်ရ ပါတယ်။
သတင်းတာဝန်ခံ